首页   

缅北乱局难解:同盟军与缅军战火重燃,与盟友北掸邦军正面交火(缅译汉)

翻译大傻  ·  · 1 月前

       

 

译者按:本文译自缅文媒体《今日缅甸》(Myanmar Now)新闻网。报道说,果敢同盟军和缅军违反停火协议,双方重新开战。而与此同时,同盟军和自己的政治盟友、北掸邦军也开始打了起来。而因为贵概镇的管理,克钦独立军和德昂民族解放军的关系也很紧张。缅北局势还是比较混乱。


    看来缅北的事态一时半会解决不了,民地武装若不团结,很容易被缅军利用,各个击破。不过到目前为止,果敢同盟军、德昂民族解放军、若开军的联盟还很牢固。


  由于译者缅文水平有限,如有和原文不一致的地方,请以原文为准。

         

 

      

 ယခုနှစ်ဆန်းက တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားကြသည့် MNDAA နှင့် စစ်တပ်တို့ ရှမ်းပြည်နယ် လားရှိုးမြို့အနီး ယမန်နေ့ (မတ် ၂၆) နံနက်က တိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ဇန်နဝါရီ ၁၁ ရက်နေ့က ယူနန်ပြည်နယ်၊ ဟိုင်ဂင်ဟိုတယ် ဆွေးနွေးပွဲ သဘောတူညီချက်အရ အပစ်ရပ်ထားပြီး နှစ်လခွဲအကြာတွင် သဘောတူညီချက် ကျိုးပေါက်သွားခြင်း ဖြစ်သည်။

      今年初,在邻国的调停下,缅甸民族民主同盟军(果敢同盟军)与缅军方达成了临时停火协议。不过据当地居民透露,3月26日早晨,靠近掸邦腊戌的地方,同盟军和缅军战火重燃。今年1月11日,同盟军和缅军在邻国云南省签署了《海埂协议》,但过了2个半月后,协议遭到破坏。

         

 

    တိုက်ပွဲမှာ လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ကျေးရွာနှင့် လုံမွန်းကျေးရွာအကြား နံနက် ၁၀ နာရီခွဲမှ စတင်ပြီး ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောကြသည်။ မြို့ပေါ် အမှတ် (၅) ရပ်ကွက်နှင့် တစ်ဆက်တည်းရှိသော ကုန်းညောင်ကျေးရွာတွင် တပ်စွဲထားသည့် အမှတ် (၅၅) ခြေလျင်တပ်ရင်းမှ စစ်သားများက MNDAA လှုပ်ရှားနယ်မြေကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကုန်းညောင်ရွာသားတစ်ဦးက ပြောသည်။ “စစ်တပ်က စပြီး ထိုးစစ်ဆင်တာပဲလေ။ သူတို့ ရှိတဲ့နေရာနဲ့ အဝေးကြီးသွားတာကို။ ဘယ်သူက အရင်စပစ်လဲ ဆိုတာတော့ မသိရသေးပါဘူး” တိုက်ပွဲအပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကုန်းညောင်ကျေးရွာရှိ စစ်တပ်က တိုက်ပွဲဖြစ်ရာ နေရာဘက်သို့ လက်နက်ကြီး ၃ ကြိမ် ပစ်ကူခဲ့ကြောင်း သူက ဆိုသည်။    

      据当地一位村民说,战斗是早上10点半在坪凱村(Ping Kaing,音)和龙门村(Long Mun,音)之间打响,离腊戌16公里左右,持续了45分钟左右。一位村民说,缅军第55步兵营驻扎在腊戌的第5社区附近,该营的士兵在同盟军活跃的区域驻防。该村民说,缅军发起了进攻,但究竟谁先开的第一枪,还不清楚。该村民说,贡酿村(Kone Nyaung)的缅军用重炮向轰击盟军,当天中午12点左右,战斗结束。

         

 

 တိုက်ပွဲဖြစ်ခဲ့သည့်နေရာသည် လားရှိုးမြို့အထွက် မိုင်းယော်တိုက်နယ်အနီး တည်ရှိပြီး ယမန်နှစ် နှစ်လယ်ကတည်းက MNDAA နှင့် နိုင်ငံအနှံ့မှ စစ်အာဏာရှင်တော်လှန်သူ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် တပ်မဟာ(၆၁၁) တို့ စစ်ရေး လှုပ်ရှားနေသည့်နယ်မြေ ဖြစ်သည်။ အထက်ပါ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် အခြေအနေအသေးစိတ်များကို မသိရှိရသေးပေ။

      战斗发生的地方在腊戌城外,是在同盟军、同盟军611旅和缅军之间进行的。从去年6月开始,同盟军的611旅一直就很活跃,611旅由来自缅甸全国的年轻革命军人组成,由同盟军培训。交战双方的具体情况和伤亡情况尚不清楚。

      

   မြို့လယ်တွင် တိုင်းစစ်ဌာနချုပ် အထိုင်ချသလို မြို့နယ်အတွင်း အမြောက်တပ်၊ ခြေလျင် ခြေမြန် တပ်ရင်း ၅ ခု အထက် ရှိနေသည်။ ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း ရှိသည်။ လားရှိုးမြိုဝန်းကျင် နေရာအများအပြားကို မြောက်ပိုင်းအဖွဲ့ဝင်များ၊ တပ်မဟာ (၆၁၁) တို့က ထိန်းချုပ်ထားသည်။    

      缅军地区军区司令部驻扎在腊戌,有重型火炮,还有5个步兵营,另外还有受缅军管辖的民团武装。腊戌周围的区域大多被北方联盟所占领,主要由同盟军的611旅在驻防。

         

 

 လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနှင့် ညမထွက်ရအမိန့် ကြေညာထားသောကြောင့် ဖမ်းဆီးစစ်ဆေးခံရသည့် လူ၁၀ ဦးကျော် သေဆုံးခဲ့သလို ဒေသခံ ထက်ဝက်ခန့်က ပိုမိုလုံခြုံမည်ဟု ဒေသများသို့ ရွှေ့ပြောင်းသွားကြောင်း မြို့ခံများက ပြောသည်။ မြို့ခံ အမျိုးသားတစ်ဦးက ယနေ့ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ လားရှိုးမြို့ပေါ်တွင် စစ်တပ်၏ တပ်မတော်နေ့အခမ်းအနား ပြုလုပ်လုပ်သည့် အရိပ်အယောင် မတွေ့ရကြောင်း ဆိုသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် ရှမ်းမြောက်မြို့နယ်များကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်မည် ဆိုသည့် သတင်းများ ပြီးခဲ့သည့် ရက်အနည်းငယ်က ထွက်ပေါ်လာသေးသည်။

      据当地居民透露,自从缅军宣布在腊戌实行军事管制(戒严)和宵禁以来,至少有10人被缅军抓捕拷问后死亡,一半的当地居民转移去了更安全的地方。当地居民说,今天(3月27日)没有没有看到发生交火,也没有看到缅军要在腊戌庆祝建军的迹象。过去几天,有报道传出,缅军将向三兄弟联盟占领的城镇发起反攻。

         

 

 လောက်ကိုင်နှင့် ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချခဲ့သည့် တပ်သားများ၊ တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်ရှိသူများအထိပါ လားရှိုးမြို ရှေ့တန်းခုခံစစ်အတွက် ပြန်ပို့ထားကြောင်း ဒေသခံများက ဆိုကြသည်။

      据了解,许多在老街向三兄弟联盟投降的缅军官兵,从指挥官到普通士兵,都又派到了腊戌前线,守卫腊戌。

  

     အပစ်ရပ်သဘောတူညီမှုကို စစ်ကောင်စီ သို့မဟုတ် ညီနောင်မဟာမိတ် ၃ ဖွဲ့က ချိုးဖောက်ပါက စတင်ချိုးဖောက်သည့်အဖွဲ့ကို တရုတ်အစိုးရက အပြင်းအထန် ဖိအားပေးလာနိုင်ကြောင်း စစ်ရေးအရင်းမြစ်များက ဆိုသည်။ အထက်ပါ တိုက်ပွဲများနှင့်ပတ်သက်၍ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံ Myanmar Now က အွန်လိုင်းမှတစ်ဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။ နေပြည်တော်တွင် တပ်မတော်နေ့ချီတက်ပွဲအတွက် အလုပ်များနေသော စစ်ကောင်စီကလည်း ရှမ်းမြောက်ဒေသ တိုက်ပွဲအခြေအနေများကို သတင်းအမှောင်ချထားသည်။

      根据军方人士的消息,无论是缅军还是三兄弟联盟违反停火协议,邻国政府可能会对违反协议的一方施加压力。《今日缅甸》新闻网(Myanmar Now)向同盟军发言人李家文发消息询问战斗一事,但到本报道完成之时,仍未收到李家文的回复。而缅军政府正忙着在内比都搞建军节阅兵,对发生的战斗也秘而不宣。


(资料图:2024年1月18日,果敢同盟军从贵概镇出发向登尼镇进发)    

         

 

       SSPP နှင့် တိုက်ခိုက်ခြင်း

      与北掸邦军交火

         

 

     တစ်ရက်တည်းမှာပင် ကိုးကန့်တပ်သည် ၎င်း၏ နိုင်ငံရေးမဟာမိတ်ဖြစ်သော ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်လည်း  ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု သိရသည်။

      就在同一天,果敢同盟军和其政治盟友——北掸邦军也发生了交火。


    မွန်းလွဲ ၂ နာရီခွဲခန့်က သိန္နီမြို့၏ အရှေ့မြောက်ဘက်တွင် MNDAA နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုက Myanmar Now ကို ယနေ့ ပြောသည်။ MNDAA က ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့သည်၊ ယမန်နေ့ ညနေ ၄ နာရီကတည်းက SSPP တပ်ဖွဲ့ဝင်များ ရှိရာကို စစ်ထိုးလာသည်ဟု ဗိုလ်မှူးကြီးစိုင်းဆုက ဆိုသည်။ ယနေ့တွင်လည်း SSPP စစ်ကြောင်းကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု သူက ဆက်ပြောသည်။

      北掸邦军负责人对《今日缅甸》新闻网说,当天下午2点半左右,北掸邦军与果敢同盟军的战斗在东北部的登尼镇打响。3月27日下午4点钟,果敢同盟军向北掸邦军发起了无人机攻击。该负责人说,今天(3月28日),北掸邦军还处于被包围和攻击之中。

         

 

    သိန္နီမြို့နယ်သည် SSPP စစ်ရေးလှုပ်ရှားသော ဒေသတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ ချမှတ်ခဲ့သော်လည်း မြို့ကို မထိန်းချုပ်နိုင်ခဲ့ပေ။

      自2012年开始,登尼镇就是北掸邦军的军事活动区,而且建立了行政机构,但未能管理全镇。

         

 

   

  ၂၀၂၃ အောက်တိုဘာလတွင် စတင်သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အကူအညီရယူကာ စစ်ကောင်စီတပ်ကို တိုက်ပြီး သိန္နီမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် MNDAA သည် သိန္နီကို ရှမ်းပြည်နယ် အထူးဒေသ (၁) ၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်ကာ ကျေးလက်ဒေသများကိုပါ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ဖြန့်ကြက်စိုးမိုးလာခြင်း ဖြစ်သည်။

      在2023年10月发起的1027军事行动中,同盟军打败了缅军,占领控制了登尼镇。自此,同盟军把登尼镇划为了掸邦第一特区的一个区,并把管理区域延伸到了周围农村。

         

 

 မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်များဖြစ်ကြသော MNDAA နှင့် SSPP တို့အကြား ပွတ်တိုက်မှု ဖြစ်လာကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း SSPP တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးထားကြောင်း ရှမ်းဘာသာစကားဖြင့် ရေးသားသည့် Facebook စာမျက်နှာတချို့တွင် ဖော်ပြနေကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

      交战的果敢同盟军和北掸邦军都是“联邦政治谈判协商委员会”(Federal Political Negotiation and Consultative Committee)的成员,该委员会由缅甸北部的民族武装组成。据脸书上的一些报道透露,北掸邦军有2人死亡,但该信息尚未得到证实。

         

 

   တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင်လည်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးလှုပ်ရှားရာနေရာလည်းဖြစ်ရာ မြို့တွင်းအလံလွှင့်တင်မှုဖြင့် နှစ်ဖွဲ့အကြား ဆက်ဆံရေး တင်းမာခဲ့သည်။ 

      贵概镇由德昂民族解放军控制,但同时也是克钦独立军的军事活动区,在今年2月份的第二周,因为升旗一事,双方关系开始紧张起来。   

推荐文章
传媒简职君招聘  ·  VOGUE | 招聘创意编辑  ·  3 年前  
理想生活实验室  ·  索尼确认了 PlayStation 5 的消 ...  ·  4 年前  
治愈系悦读  ·  什么样的人衰老最快?(25岁以上必看)  ·  5 年前  
特色小镇操盘指南  ·  山东省2018年省级试点田园综合体名单公示及 ...  ·  5 年前  
深网腾讯新闻  ·  融资竞价尘埃落定,大疆飞向何处 | 深网  ·  6 年前  
© 2022 51好读
删除内容请联系邮箱 2879853325@qq.com